ဝေးဝေးမသွားစေချင်...
-
ဒယ်အိုး ဆရာတော် ဦးသုမင်္ဂလ မိုးကုတ်ဓမ္မကထိက
ဝေးဝေးမသွားစေချင်...
တရားနာပြီး တရားအတိုင်း ကျင့်ကြံနိုင်ကြပါစေ
ရှစ်ပါးသောသီလတော်မြတ်
အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။
( ဒုတိယမ္ပိ ) အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။(တတိယမ္ပိ) အဟံ ဘန္တေ တိသရဏေနသဟ အဋ္ဌင်္ဂသမန္နာဂတံ ဥပေါသထသီလံ ဓမ္မံယာစာမိ အနုဂ္ဂဟံ ကတွာ သီလံဒေထ မေဘန္တေ။(အာမဘန္တေပါ အရှင်ဘုရား။)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။ ( သုံးခေါက်ဆို)
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ဓမ္မံ သရဏံ ဂစ္ဆာမိ ။သံဃံ သရဏံ ဂစ္ဆာမိ ။
ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။
တတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။တတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ ။တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ ။(အာမဘန္တေပါ အရှင်ဘုရား။)
(၁) ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၂) အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
( ၃) အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၄) မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၅) သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။(၆) ဝိကာလဘောဇနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။
(၇) နစ္စ ဂီတ ၀ါဒိတ ဝိသူက ဒဿန မာလာဂန္ဓ ၀ိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ။
(၈) ဥစ္စာသယန မဟာသယနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။(အာမဘန္တေပါ အရှင်ဘုရား။)

ကြည်ညိုပူဇော်ရန်
ဦးလောကနာထ ၏ ဓမ္မဒါနများ
-
-
ကိုယ်လိုရာကိုယ်ဆွဲ လွဲတတ်ပါသည်... (မစိုးရိမ်စာသင်သား) - ကိုယ်လိုရာကိုယ်ဆွဲ လွဲတတ်ပါသည်... (မစိုးရိမ်စာသင်သား)
-
မဟာသုညတသုတ်... - မဟာသုညတသုတ် - ငါ့ကို ချစ်ခြင်းရှိသည်၏ အဖြစ်ဖြင့် ကျင့်ကြကုန်လော့၊ - မုန်းခြင်း ရှိသည်၏ အဖြစ်ဖြင့် မကျင့်ကြကုန်လင့်၊ - ထိုချစ်ခြင်းရှိသည်၏ အဖြစ်ြ...
-
-
ပုဏ္ဏမသုတ္တန်- ၃ - 62:39 minutes (14.41 MB)
-
-
-
န၀ကမ္မ - ထေရ၀ါဒ ဗုဒ္ဓဘာသာ အမည်ခံသူများ မှားယွင်းနေသော လှူဒါန်းနည်းကို ပြုပြင်သင့်ပါပြီ။ ရဟန်းဝိနည်း ၂၂၇-သွယ် သော စည်းကမ်းများ… ရွှေ, ငွေ အပ်စပ်လျှင် သားမယားလည်း ...
-
-
၁။ ယမက၀ဂ္ဂ - ၁။ ယမက၀ဂ္ဂ Chapter 01 Chapter 01 ၁။ မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌော မနောမယာ။ မနသာ စေ ပဒုဋ္ဌေန၊ ဘာသတိ ၀ါ ကရောတိ ၀ါ။ တတော နံ ဒုက္ခမနွေတိ၊ စက္ကံဝ ၀ဟတော ပဒံ။ ၁။ နာမ...
ဘ၀ချမ်းသာရေးလမ်းစဉ်
အဘိဓဇမဟာရဋ္ဌဂုရု တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ဘဒ္ဒန္တအရှင်ဝိစိတ္တသာရာဘိဝံသ
ဘ၀ချမ်းသာရေးလမ်းစဉ်
၁။ နေ့စဉ်ကောင်းမှုကုသိုလ်တရားများ၌ မမေ့မလျော့စဉ်းစားပါ။
၂။ လူဖြစ်လာလျှင် လူ၏တန်ဖိုးကို သိအောင်ကြိုးစားပါ။
၃။ မည်သူတရားပျက်ပျက် သင်မပျက်ပါစေနဲ့၊ သတိထားပါ။
၎။ သင့်ကို အကြောင်းပြုပြီး သူများစိတ်မဆင်းရဲပါစေနဲ့။
၅။ မိဘကို စားနိုင်တဲ့အခါမှာ ကျွေးပါ၊ သေမှ ငိုမနေပါနဲ့။
၆။ သူများအပြစ်ကို မပြောပါနဲ့၊ ကိုယ့်အပြစ်ကိုသာ ရှုပါ။
၇။ ဗြဟ္မစိုရ်တရားအမြဲပွားများ၍ ကိုယ်တွင်းသီလတရားမြဲပါစေ။
၈။ အလိုက်သိပါ၊ အားနာပါ၊ အရှက်အကြောက်ရှိပါ။
၉။ ကြီးသူကို ရိုသေပါ၊ ရွယ်တူကိုလေးစားပါ၊ ငယ်သူကိုသနားပါ။
၁၀။ မစူးမစမ်းမဆင်ခြင်ပဲမပြောပါနဲ့၊ မလုပ်ပါနဲ့၊ အမြဲသတိထားပါ။
၁၁။ နေရာတိုင်းမှာ စိတ်သဘောကြီးကြီးထားပါ။
၁၂။ နိုင်လိုသူကို အရှုံးပေးက စိတ်နှလုံးအေးမြသည်။
၁၃။ စကားပြောသောအခါ မျှမျှတတပြောဆိုပါ။
၁၄။ မိမိကိုယ်ကို နေ့စဉ်စစ်ဆေးနိုင်မှ ကြီးပွားနိုင်သည်။
၁၅။ မကောင်းတဲ့ အကုသိုလ် စိတ်ရိုင်းစိတ်မိုက်များကို ပယ်ရှားပါ။
၁၆။ သူများကြီးပွားချမ်းသာတာကို မနာလိုမရှုစိမ့် မရှိပါစေနဲ့။
၁၇။ နေရာတိုင်းမှာ ကိုယ်ချင်းစာတရား များများထားပါ။
၁၈။ မိမိကိုယ်ကို ဆုံးမခြင်းက သာလွန်၍ ကောင်းသည်။
၁၉။ မာနကိုနှိမ့်ချ၊ လူ၏ တန်ဖိုးကိုမြှင့်တင်ပါ။
၂၀။ အရာရာမှာ စေတနာသန့်သန့်နှင့် စိတ်ကောင်းတစ်ခုထားပါ။(မွန်မြတ်သော ၀ိပဿနာတရားကို အားထုတ်ဖြစ်အောင် ကြိုးစားပါ။)
http://mingun.us/frontpageမင်းကွန်းတိပိဋက မှ ကူးယူဖော်ပြပူဇော်ထားပါသည်။

ဘယ်သူလူဆိုးလဲ - လောကမှာ လူမိုက်ရှိသလို လူုလိမ္မာ ပညာရှိဆိုတာလဲ ရှိပါတယ်။ လူမိုက်ဆိုတာ ကောင်း၏ ဆိုး၏ကိုမသိ ကောင်းတာမလုပ် ဆိုးတာလုပ်တဲ့သူ ပညာရှိဆိုတာ ကောင်း၏ ဆိုး၏ သိပြီးကောင...4 days ago
-
တော်လှန်သောဝိပဿနာနှင့်သဘာဝပတ်ဝန်းကျင် - တော်လှန်သောဆိုတာနဲ့မလန့်ပါနဲ့ အများနဲ့မတူ တစ်မှုထူးတဲ့ဟာကိုဆိုလိုတာပါ။ကျနော်ငယ်ငယ်က ဖတ်ဖူးတဲ့ သခင်သန်းထွန်းရဲ့နောက်ဆုံးနေ့များ ဖတ်ပြီးတော့ အရမ်းကြိုက်ပါတယ်။...6 months ago
Saturday, July 11, 2009
အမ မသစ္စာအလင်း အတွက် Belated Birthday Present (PDCA ဖြင့် နေ့ စဉ်ဘ၀ကို ချည်းကပ်ကြည့်ခြင်း)
အမရေ...
အမအတွက် မွေးနေ့ အမှတ်တရအဖြစ် ရေးမယ့်အကြောင်းအရာလေး မစခင် အမကို ကျွန်တော့်ရဲ့  နောက်ကျမှုအတွက် အလျင် တောင်းပန်ပါတယ်။ ဒီရက်ပိုင်းထဲ အမရဲ့ မွေးနေ့ ရှိတယ်လို့ တခါက အမ ပြောဖူးလို့ မှတ်ထားလိုက်ပေမယ့် ကိုယ့်ဟာကို အလုပ်တွေရှုပ်နေတာနှင့်ဘဲ သတိမထားလိုက်မိဘူး။
မနေ့ က အီးမေးလ်စစ်တော့မှဘဲ အမမွေးနေ့ ရောက်နေမှန်းသိရတော့တယ်။ ကျွန်တော့်ရဲ့ သတိပေါ့လျော့မှုအတွက် တောင်းပန်ပါတယ်။အမအတွက် မောင်နှမတွေ ၀ိုင်းပြီး ဆုတောင်းပေးကြ၊ အမှတ်တရ ရေးပေးကြတာတွေ ဖတ်ကြည့်လိုက်ပါတယ်။ အားလုံးက လိုလေသေးမရှိအောင် ထောင့်စေ့အောင် ရေးထားကြတော့ ကျွန်တော်အတွက် ရေးဖို့ တောင် မကျန်တော့ပါဘူး။
နောက်ပြီး အမကိုယ်တိုင်ကလည်း အသိဉာဏ်ပိုင်းရော၊ စိတ်နေသဘောထားပိုင်းမှာပါ လောကီ၊ လောကုတ် အဘက်ဘက်က ပြည့်စုံနေသူတစ်ယောက်ဖြစ်နေတော့ ကျွန်တော်က ဘယ်လို ၀င်ပြီး နှမ်းဖြူးရမလဲ ဆိုတာ တော်တော်ဦးနှောက်စားရပါတယ်။
တရားဓမ္မနှင့် ပတ်သတ်တာတွေရေးဖို့ ကျတော့လည်း တော်တော်များများက အမလည်း သိပြီးသားတွေကြီးဘဲ ဖြစ်နေတော့ တကယ်ကို ဘာရေးရမလဲ မသိတော့ပါဘူး။အမမွေးနေ့ အတွက် ရေးစရာစဉ်းစားရင်း ခေါင်းထဲကို မဆီမဆိုင် ဖတ်ဖူးထားတဲ့ စီမံခန့် ခွဲမှု နှင့် ပတ်သတ်တဲ့ အကြောင်းအရာတွေထဲက ခေါင်းစဉ်တစ်ခုဝင်လာပါတယ်။
အကြောင်းအရာကတော့ လုပ်ငန်းတွေမှာ အသုံးပြုတဲ့ Problem Solving Process တစ်ခုပါ။ ဒါပေမယ့် အဲဒီ Process ကို လက်တွေ့ ဘ၀ထဲမှာ ချသုံးကြည့်လို့ လည်း အသုံးတည့်တာကို တွေ့ ရပါတယ်။ နောက်ပြီး တရားဓမ္မကျင့်သုံးမှုဘက်မှာလည်း ချသုံးကြည့်လို့ ရတာကို တွေ့ ရပါတယ်။ Process ခေါင်းစဉ်က PDCA Cycle ပါ။ အမ သိရင်တောင် သိနေမယ်ထင်ပါတယ်။

PDCA (Plan, Do, Check, Act) Cycle ဟာ အဆင့်လေးဆင့်ပါတဲ့ အပြန်အလှန်သုံးလို့ ရတဲ့ ပြဿနာဖြေရှင်းနည်း တစ်ခုပါ။ သူ့ ကို ဖော်ထုတ်ခဲ့တဲ့သူက Dr. W. Edwards Deming ဆိုတဲ့သူဖြစ်ပါတယ်။ ဒီနည်းကို အကျဉ်းချုံးပြီး ပြောရရင်တော့ ကိစ္စတစ်ခုကို ဖြေရှင်းဆောင်ရွက်ဖို့ အတွက် အရင်ဦးဆုံး Plan (ပြင်ဆင်ခြင်း) လုပ်ရပါမယ်။ အဲဒီအဆင့်မှာ ရည်ရွယ်ချက်ကို သတ်မှတ်ရမယ်။နောက်ဒီရည်ရွယ်ချက်ကို ရရှိပြီးမြောက်ဖို့ အတွက် လိုအပ်ချက်တွေကို ရှာဖွေစုဆောင်းရမယ် ပြီးတော့ ရည်ရွယ်ချက်ကို ရောက်အောင်သွားဖို့  နည်းလမ်းကို သတ်မှတ်ရမယ်လို့ ဆိုပါတယ်။ ဒုတိယအဆင့်ကတော့ Do ပေါ့။ စပြီး အကောင်အထည်ဖော်တဲ့အဆင့်ပါ။ ဒီအဆင့်မှာ ကိုယ်နိုင်သလောက်ကနေစပြီး တဖြည်းဖြည်း ပုံဖော်လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ တတိယအဆင့်ကတော့ Check ပါ။
မိမိလုပ်ထားပြီးသလောက် အတိုင်းအတာကို ပြန်လည် စစ်ဆေးခြင်းပါဘဲ။ မိမိချမှတ်ခဲ့တဲ့ ရည်ရွယ်ချက်ပန်းတိုင်နှင့် ယခုလက်ရှိရောက်ရှိနေတဲ့ အနေအထား ကိုက်ညီမှန်ကန်မှုရှိမရှိ၊ လမ်းလွဲမှုတွေ လိုအပ်ချက်တွေ ရှိမရှိ ပြန်လည် စစ်ဆေးရမယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ Deming က Check အစား Study ဆိုတဲ့ အသုံးအနှုန်းက ပိုသင့်လျော်တယ်လို့  ဆိုချင်တဲ့ပုံ ရှိခဲ့ပါတယ်။
နောက်ဆုံးအဆင့်ကတော့ Act ပါဘဲ။ ဒီအဆင့်ကတော့ တကယ်လို့ Check အဆင့်မှာ တွေ့ ရှိလိုက်တဲ့ မိမိရဲ့ လိုအပ်ချက်တွေ၊ လမ်းလွှဲနေမှုတွေ နှင့် တခါတလေ မိမိချမှတ်ခဲ့တဲ့ ပန်းတိုင်နှင့် လုပ်ဆောင်မိလိုက်တာနှင့် လုံးလုံးလွဲချော်သွားတာမျိုးတွေ တွေ့ လာခဲ့မယ်ဆိုရင် ပြန်လည်ပြင်ဆင် အသစ်ပြုပြင်ပြောင်းလဲရမယ့် နေရာဖြစ်ပါတယ်။
အဆင့်လေးဆင့်လုံး ပြီးတဲ့အချိန်မှာ မိမိရည်မှန်းထားတဲ့ ပန်းတိုင်ဆီရောက်ဖို့ အတွက် ဘာတိုးတက်မှုမှ ရှိမလာခဲ့ရင် မိမိရွေးချယ်ထားတဲ့ နည်းလမ်းကို အသစ်ပြင်ဆင်သတ်မှတ်ပြီး မူလစက်ဝိုင်းကို နောက်ထပ်တစ်ခါ ပြန်စရပါမယ်။ ဒါမှမဟုတ် ရည်ရွယ်ချက် ပေါက်မြောက်အောင်မြင်ခဲ့ရင်တော့ နောက်ထပ်တစ်ခါ ရည်မှန်းချက်အသစ်တစ်ခု ထပ်မံချမှတ်ပြီး စက်ဝိုင်းကို ပြန်စရပါမယ်။ ဒီလိုနှင့် ဒီ Cycle ဟာ တောက်လျောက်လည်ပတ်ပါလိမ့်မယ်။အမရေ... ဒီလောက်ဆိုရင်တော့ ဒီ စက်ဝိုင်းရဲ့ သဘောတရားကို အမ ကောင်းကောင်း နားလည်အသုံးချတတ်သွားလောက်မယ်ထင်ပါတယ်။
ကျွန်တော်တို့ တွေရဲ့ လက်ရှိဘ၀မှာလည်း ရည်မှန်းချက်တွေအတွက် Problem Solving တွေ အမြဲလုပ်နေကြရတာပါဘဲ။ ကိုယ်သတိမထားမိပေမယ့် ဒီ Cycle လေးကို သုံးမိသလို ဖြစ်နေတာ အမ သတိထားမိလိမ့်မယ် ထင်ပါတယ်။တရားအားထုတ်မယ့် ယောဂီတစ်ယောက်အတွက်ဆိုရင်လည်း ဒီစက်ဝိုင်းကို အသုံးချမယ်ဆိုပါတော့။
တရားအားမထုတ်ခင် မိမိရဲ့  တရားအားထုတ်ရတဲ့ ရည်မှန်းချက်ကို သတ်မှတ်၊ အားထုတ်မယ့်နည်းကို သတ်မှတ်၊ တရားအားထုတ်ဖို့ ရန်အတွက် လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ပြင်ဆင်၊ လိုအပ်တဲ့ ဆရာသမား၊ မိတ်ဆွေ၊ နေရာဒေသ၊ အချိန်ကာလ အစရှိသဖြင့် ပြင်ဆင်သတ်မှတ်ခြင်းကို Plan လုပ်တယ်လို့  ပြောလို့ ရမယ် ထင်ပါတယ်။
ဒုတိယ Do ကတော့ တရားကိုကြိုးစား အားထုတ်တဲ့ ကာလ ဖြစ်ပြီပေါ့။တရားအားထုတ်လို့  မိမိသတ်မှတ်ထားတဲ့ ကာလတစ်ခု သို့ မဟုတ် အသိဉာဏ်အနေအထားတစ်ခုကို ရောက်လောက်တဲ့အချိန်မှာ မိမိကိုယ်ကို ပြန်လည် စိစစ်ဆင်ခြင်ကြည့်ပြီး မိမိ ရည်မှန်းသလောက် ခရီးပေါက်ခဲ့ရဲ့ လား၊ မိမိအားထုတ်ခဲ့တာ နည်းလမ်းစနစ်ကျ မှန်ကန်ပါရဲ့ လား၊ တကယ် တရားတိုးတက်မှုရှိပါရဲ့ လား၊ ဘာတွေကို သိခဲ့ပြီး ဘာတွေကို မသိသေးဘူးလဲ၊ နောက်ထပ် ဘာဆက်လုပ်ဖို့ ကျန်သေးလဲလို့ သုံးသပ်တဲ့အပိုင်းကို Check (or) Study လုပ်တဲ့ နေရာလို့ ဆိုလို့ ရပါတယ်။
နောက်ဆုံးအနေနှင့် တကယ်လို့ မိမိရဲ့ တရားအသိက ရည်မှန်းထားသလောက် ခရီးမပေါက်သေးတာများတွေ့ ခဲ့ရင် ဘာတွေ လိုအပ်သလဲ၊ ဘာတွေမှားနေလဲဆိုတာကို ပြန်လည် ဝေဖန်ချိန်ဆပြီး သင့်လျော်တဲ့ နည်းလမ်း၊ သင့်လျော်တဲ့ ဆရာသမား၊ မိတ်ဆွေများနှင့် ပြင်ဆင်ညှိနှိုင်းပြီး Cycle ကို အသစ်တစ်ဖန် ပြန်စရမှာဖြစ်ပါတယ်။
အဲဒါကတော့ Act ပေါ့နော်။ တကယ်လို့ များ မှန်းထားတဲ့ခရီး ပေါက်ခဲ့ရင်တော့လည်း နောက်ထပ်၊ နောက်ထပ်သော ပန်းတိုင်အသစ်များကို ချမှတ်လို့  ခရီးစဉ်အသစ်ကို စက်ဝိုင်းအသစ်နှင့် ပြန်စကြတာပေါ့။ကဲ...အမရေ။ ကျွန်တော်တော့ ခေါင်းထဲပေါ်တာတွေ ချရေးလိုက်ပြီ။
ဒီ Cycle လေးက ကျွန်တော်တို့ ရဲ့ နေ့ စဉ်ဘ၀အတွက်ရော၊ ဓမ္မခရီးလမ်းအတွက်ပါ အသုံးတည့်လိမ့်မယ်လို့ ထင်လို့  အမကို မွေးနေ့ လက်ဆောင် အဖြစ် ပေးလိုက်ပါတယ်။ ဒါလေးနှင့်ဘဲ အမ ကျေနပ်နှစ်သိမ့်ပေးပါလို့  တောင်းပန်ချင်ပါတယ်။
ကျွန်တော့်ရဲ့  နောက်ကျမွေးနေ့ လက်ဆောင်အတွက်လည်း ခွင့်လွှတ်ပေးပါလို့ ......
အမ အသက်ရှည်ကျန်းမာချမ်းသာစွာဖြင့် သာသနာတော်နှင့် လောကသားတို့ ရဲ့ အကျိုးစီးပွားကို တိုးလို့ ဆောင်ရွက်နိုင်သူ ဖြစ်ပါစေ။
အမချစ်သော မိသားစုများ၊ သူငယ်ချင်းမိတ်ဆွေများနှင့်လည်း အသက်ထက်ဆုံး အေးချမ်းပျော်ရွှင်စွာ အတူတကွ နေထိုင်နိုင်ပါစေ။
အမ အသက်ရာကျော်ရှည်၍ ဗုဒ္ဓအလိုကျ အရည်အသွေးပြည့်ဝသော ဘ၀ကို တည်ဆောက်ပိုင်ဆိုင်နိုင်သူ ဖြစ်ပါစေ။
မောင်ငယ်Bliss
(၀ိမုတ္တိသုခ)
*********************************************************************
Bliss ရေ--
အမက Biologist ဆိုတော့ သက်ရှိနဲ့ လုပ်နေရတယ်လို့ အကြောင်းပြချက်ကို အကာအကွယ်ယူပြီး Management , Planning ပိုင်းမှာ အမြဲအားနည်းပါတယ်။ Documentation, Reference ပိုင်းမှာလည်း အပျင်းကြီးလေ့ရှိတယ်။ Emotion ပိုင်းကျရင်တော့ တက်ကြွ နေတတ်တာမို့ အဲဒီအားနည်းချက်တွေမှာ အားသာနေတဲ့ အမ --မောင်နှစ်ယောက် ဖြစ်တဲ့ အာဂျန်နဲ့ Bliss တို့ကို အမြဲဆရာတင်ထားခဲ့ပါတယ်။ အခုမွေးနေ့ဆိုတာ ကလည်း အမြဲတမ်းဖွားသေနေတာကို မသိကျိုး ကျွန် ပြုရာရောက် မှာစိုးလို့==အမကို ဆုံးမ စကားပြောတတ်တဲ့ သည်မောင်နှစ်ယောက် ကိုပဲ Request လုပ်ခဲ့ပါတယ်။
(ပရမတ္ထသစ္စာလည်းနယ်မကျော်ပါစေနဲ့ သမုတိသစ္စာလည်း အစူးမနာပါစေနဲ့) ဆိုတဲ့ဆုံးမစကားလို လေ..။Extreme မဖြစ်အောင်လုပ်တာပါ။
အားလုံးအတွက်အကျိုးရှိတဲ့ စကားတွေထွက်လာမယ် ဆိုတာ ယုံကြည်နေတယ်လေ။ Force to post ဖြစ်ခဲ့ရင် ပြန်တောင်းပန်ပါတယ်။ Blissက B.E(Electrical Power) + MBA field က ဖြစ်တာမို့လည်း တိတိကျကျ သပ်သပ်ယပ်ယပ်လေးရေးပေးတာကို အားထားလက်ခံပါတယ်။
PDCA Cycle အမမသိခဲ့ဘူးပါ။
အခုမှပဲ Check လုပ်သင့်ကြောင်း။လိုအပ်မှု၊လမ်းလွဲတာတွေရှာသင့်ကြောင်း။မဟုတ်ရင်တော့ Cycleတစ်ပတ်ပြန်စရတော့မှာပေါ့နော်။ သတိကြီးစွာထားရမှာတွေ ထောက်ပြပေးတာ ကျေးဇူး တင်ပါတယ် Blissရေ..။
ခေါင်းစဉ်
Present of Bliss
Subscribe to:
Post Comments (Atom)
အကြင်တရားတို့ကို---
ဂေါတမီ သင်သည်
''အကြင်တရားတို့ကို ဤတရားတို့ကား------
တပ်မက်မှု ရာဂ ကင်းရန်သာ ဖြစ်ကုန်၏၊ တပ်မက်မှု ရာဂနှင့်တကွ ဖြစ်ခြင်းငှါ မဖြစ်ကုန်။
ဝဋ်ကင်းရန်သာ ဖြစ်ကုန်၏၊ ဝဋ်၌ ယှဉ်ရန် မဖြစ်ကုန်။
ဝဋ်ဆင်းရဲကို ဖျက်ဆီးရန်သာ ဖြစ်ကုန်၏၊ ဝဋ်ဆင်းရဲ ပွါးစီးရန် မဖြစ်ကုန်။
အလိုနည်းရန်သာဖြစ်ကုန်၏၊ အလိုကြီးရန် မဖြစ်ကုန်။
ရောင့်ရဲရန်သာ ဖြစ်ကုန်၏၊ မရောင့်ရဲရန် မဖြစ်ကုန်။
ဆိတ်ငြိမ်ရန်သာ ဖြစ်ကုန်၏၊ အပေါင်းအဖော်နှင့် နေရန် မဖြစ်ကုန်။ ကြိုးစား အားထုတ်ရန်သာ ဖြစ်ကုန်၏၊ ပျင်းရိရန် မဖြစ်ကုန်။ (မိမိကိုယ်ကို) မွေးမြူလွယ်ရန်သာ ဖြစ်ကုန်၏၊ မွေးမြူနိုင်ခဲရန် မဖြစ်ကုန်'' ဟု သိငြားအံ့။
ဂေါတမီ ထိုတရားတို့ကို စင်စစ်အားဖြင့် ဤကား တရားတည်း၊
ဤကား ဝိနည်းတည်း၊
ဤကား မြတ်စွာဘုရား အဆုံးအမတည်း'' ဟု မှတ်ယူလေလော့ ဟူ၍ (မိန့်တော်မူ၏)။
သံခိတ္တသုတ်၊ ဂေါတမီဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကျွန်မပူဇော်ထားသော Blog များ
ကျွန်မ၏ ဓမ္မဒါန
-
►
2010
(18)
-
►
January
(10)
- သိသားပဲ နှင့် ပွားများမှုမတူပုံ အလုပ်ပေးတရားတော် (ပ...
- သြဝါဒ ပါတိမောက် အခါတော်နေ့
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် - ၁၅ (ပိုင်းလော့ဆရာေ...
- *နမက္ကာရ ဘုရားရှိခိုး တွင်ပါဝင်သော ခက်ဆစ်၏ အဖြေများ...
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် - ၁၄ (ပိုင်းလော့ဆရာေ...
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် - ၁၃ (ပိုင်းလော့ဆရာေ...
- မြတ်စွာဘုရား၏ မဟာပုရိသ လက္ခဏာတော်ကြီး(၃၂)ပါး ဘုရား...
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၁၂ (ပိုင်းလော့ဆရာတော...
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် -၁၁ (ပိုင်းလော့ဆရာတေ...
- ပြာသိုလပြည့် - ရှင်တစ်ထောင်အခါတော်နေ့
-
►
January
(10)
-
▼
2009
(137)
-
►
October
(7)
- သာမညဖလ အခါတော်နေ့ (သို့မဟုတ်) သံဃာ့ကျေးဇူး မမေ့ဘူး...
- ဇာတိမလာရေးနှင့်နိဗ္ဗာန်အမြင်-၁၀ (ပိုင်းလော့ဆရာတော်)...
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၉ (ပိုင်းလော့ဆရာတော်...
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၈ (ပိုင်းလော့ဆရာတော်...
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၇ (ပိုင်းလော့ဆရာတော်...
- သီတင်းကျွတ်လပြည့်နေ့တရားအလှူ-http://www.muladhamma...
- အဘိဓမ္မာတရားတော်(သို့မဟုတ်)အမေ့ကျေးဇူး၊ အထူးဆပ်ခြင်...
-
►
September
(17)
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၆(ပိုင်းလော့ဆရာတော်)...
- သမီးလေးအတွက်မွေးနေ့လက်ဆောင်(တတ်သိလိမ္မာအရာရာ-ချမ်းသ...
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၅ (ပိုင်းလော့ဆရာတော်...
- ချမ်းမြေ့ဆရာတော်ဘုရား၏ တရားစခန်း(ဘန်ကောက်)
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၄ (ပိုင်းလော့ဆရာတော်...
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၃ (ပိုင်းလော့ဆရာတော်...
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင်-၂ (ပိုင်းလော့ဆရာတော်...
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် (ပိုင်းလော့ဆရာတော်)
- ကမ္ဘာ့အကြီးဆုံးစာအုပ်ကိုမှတ်တမ်းတင်ခြင်း(Alpha Comp...
- မြန်မာ- နည်းပညာတက္ကသိုလ်များရဲ့ 1st International ...
- ပိုင်းလော့ဆရာတော်ဘုရားကြီး၏တရားစခန်းအစီအစဉ်-စင်္ကပူ
- အိတ်ဆောင်တိပိဋကဆိုင်ရာဓာတ်ပုံများ(Alpha Computer M...
- ပညာရဲ့သဘော(တက္ကသိုလ်ဘုန်းနိုင်)
- အိတ်ဆောင်တိပိဋက
- မေတ္တာများဖြင့်အေးမြစေ(ကိုဥဂ္ဂါ မွေးနေ့ဆုတောင်း)
- "ပါရမီတော် ဆယ်ပါး ဘုရားရှိခိုး"
- ဂရုဓမ္မ-စာရိတ္တ မှ သည် ပါရမီသီလ ဆီသို့
-
▼
July
(14)
- AIT Alumni , ပညာဒါနအလှူ-၂၀၀၉-ဂျူလိုင်
- အလင်းတစ်ခုသာရှိနေမယ်
- သက္ကာယ (သို့မဟုတ်) ခန္ဓာငါးပါး - အရှုခံတရား
- အမ မသစ္စာအလင်း အတွက် Belated Birthday Present (PDCA...
- အနတ္တလက္ခဏသုတ္တန် တရားတော် ဟောကြားတော်မူသောနေ့
- မုဒိတာပန်းလေး မမက်မက်၏ ဆုတောင်း
- ကိုသုခ(သုခရိပ်)၏ဓမ္မလက်ဆောင်
- တီလေးသစ္စာအလင်းသို့ ပေးစာ (မမေ့ကြေးနော် တီလေး)*
- ဓမ္မ မောင်၊ညီမ နှစ်ဦးမှ၊ ဓမ္မလက်ဆောင်
- မွေးနေ့လက်ဆောင်(သို့မဟုတ်)ဆန်တက်လာသောရေစီးကြောင်းမ...
- နှင်သူမရှိ၊ပြန်ဘို့ရှိ၏။
- ဒေါက်တာအရှင်ဇယတိဿရဲ့-သစ္စာပါရမီ-တရားရိပ်သာသစ်(စင်္ကပူ...
- ဝါဆိုလပြည့်၊ဓမ္မစင်္ကြာအခါတော်နေ့(သို့မဟုတ်) သစ္စာအလင်...
- တရားယောဂီနှင့်သက္ကာယဒိဋ္ဌိ(၂၀)
-
►
October
(7)
ရေးပြီးခဲ့လေပြီ၊
- ဇာတိမလာရေးနှင့် နိဗ္ဗာန် အမြင် (ပိုင်းလော့ဆရာတော်) (16)
- မူလဓမ္မ ဆရာတော် ဦးဝိဇယ (12)
- ရွှေဥမင်ဆရာတော် ဘုရားကြီး (10)
- ဓမ္မသတင်းများ (9)
- ပိုင်းလော့ဆရာတော်ဘုရားကြီး (9)
- လပြည့်နေ့များကိုပူဇော်ဦးခိုက်ခြင်း (8)
- မေတ္တာပါရမီ (6)
- AIT (5)
- ခင်ပွန်းကြီး(၁၀)ပါးကန်တော့ပွဲ (4)
- Ajahn Mun (2)
- Secret of Success (2)
- ဓမ္မမိတ် ဆွေများ (2)
- ဘုရားရှိခိုးများ (2)
- မင်္ဂလာဗျူဟာအသင်း (2)
- သမီးမက်မက် (2)
- သမီးလေးမစုမြတ် (2)
- သားကြီးကိုဥဂ္ဂါ (2)
- သူများအတင်းမပြောနဲ့ (2)
- သပြေကန်ဆရာတော်ဘုရားကြီး (2)
- အရှင် ဆန္ဒာဓိက (2)
- "ပါရမီတော် ဆယ်ပါး ဘုရားရှိခိုး" (1)
- American Nuns (1)
- Buddhist Celebrities (1)
- Dhamma Sharing (1)
- Let's Take a Massive Dose of Dhamma (1)
- Our Deepest Sympathy to Italy Deadly Earthquake (1)
- Present of Bliss (1)
- Sharing Kindness (1)
- Ugandaမှာပွင့်တဲ့ပန်း (သို့) Steven Kaboggoza (1)
- ကဗျာ (1)
- ကျွန်မရဲ့ဒါနဥပပါရမီ (1)
- ချမ်းမြေ့ဆရာတော်ဘုရားကြီး (1)
- ဓမ္မ မောင်၊ညီမ နှစ်ဦးမှ၊ ဓမ္မလက်ဆောင် (1)
- ပညာရဲ့သဘော(တက္ကသိုလ်ဘုန်းနိုင်) (1)
- ပညာအလင်း (1)
- ပိဋကတ်သုံးပုံ (1)
- ပိတောက်ဝါဝါ ငုဝါဝါ (1)
- မဟာသရဏဂုံတော်ကြီး (1)
- ရှင်းသန့်စင်ကြယ် မှုကို ဘယ် လောကစည်းစိမ်နဲ့မှ မလဲလှယ် မိပါစေနဲ့ (1)
- ဝိဿနာအစ ၊သံဝေဂ (1)
- သင်ယူပါမည် Swimmology (1)
- သစ္စာသိရန်အခြံအရံ (ကိုကျော်စိုး စင်္ကပူဒေါ်လာတစ်သောင်းလှူခြင်း) (1)
- သားကိုသုခ (1)
- သားကိုဦး(ဓမ္မရသ) (1)
- သားကိုပြည့်စုံ (1)
- သီတင်းကျွတ်လပြည့်နေ့တရားအလှူ-http://www.muladhamma.net (1)
- အနတ္တလက္ခဏသုတ္တန် တရားတော် (1)
- အနတ္တလက္ခဏသုတ္တန် တရားတော် ဟောကြားတော်မူသောနေ့ (1)
- အရိုးဖြစ်ဘို့ များ ဘာ လို့ ဒီလောက် တောင် ကြိုးစားနေကြတာလဲ (1)
- အရှင်တိက္ခဉာဏာလင်္ကာရ (1)
- အလင်းတစ်ခုသာရှိနေမယ် (1)
- အီကွေတာ-ပိတောက်ပွင့်များ (1)
- အမှောင်မှလွန်မြောက်ခဲ့ခြင်း (1)
- ကျေးဇူးရှင်မိခင်ကြီး(၁) (1)
- ဒေါက်တာအရှင်ဇယတိဿ (1)
- မေတ္တာဝန်းကျင် မှာ သစ္စာမလင်း ရှာ (1)
- မွေးနေ့လက်ဆောင်(သို့မဟုတ်)ဆန်တက်လာသောရေစီးကြောင်း (1)
- ဝေသာလီက ထေရိကာ (1)

0 မှတ်ချက်ရေးရန်:
Post a Comment